ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်ကျ အကျဥ်းသား၊ အကျဥ်းသူ (၈)ဦးလွတ်မြောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေ ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၄) လွတ်ငြိမ်းခွင့်အမိန့်အရ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်အကျဥ်းထောင်၌ ပြစ်ဒဏ်ကျ အကျဥ်းသား(၈)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးပွဲ အခမ်းအနားကို ဗန်းမော်အကျဥ်းထောင်အတွင်းရှိ ရိပ်သာ၌ ဧပြီလ ၁၇ ရက် နေ့လယ် (၁၁)နာရီခန့်က ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၆)ကြိမ်မြောက် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို

(၁၆) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်ရှိဘက်ရင်ပြင်တော်၌ (၄၅၉) ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကိုဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ စတင်ကျင်းပခဲ့ ကြောင်းသိရသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့၌သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကပြုလုပ်သော သက်ကြီးဘိုးဘွားများအားပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက့်နေ့ နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကမာဝက်မြို့ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်တွင် (၁၀၇)ကြိမ်မြောက် မွန်ရိုးရာ ဆီမီးကပ်လှူ လှည့်လည်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် ကမာဝက်မြို့တွင် (၁၀၇) ကြိမ်မြောက် မွန်ရိုးရာ ဆီမီးကပ်လှူ လှည့်လည် ပူဇော်ပွဲကို ၁၃၈၆ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက ကျင်းပသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်) နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ် ဘုရားပွဲတော်ကာလတွင် ဘုရားဖူး ခရီးသွားပြည်သူပေါင်း လေးသိန်းကျော် လာရောက်ခဲ့ကြောင်း သိရသည်။

ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်အမှတ် (၃၀/၂၀၂၄)ဖြင့်အကျဥ်းသား/အကျဉ်းသူ (၃၃) ဦးလွှတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၁၇-၄-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် ( ၃၀/၂၀၂၄ )၊ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ အကျဥ်းသားအမျိုးသား(၃၁)ဦး၊ အမျိုးသမီး (၂) ဦး စုစုပေါင်း(၃၃)ဦး လွှတ်ငြိမ်းသက်သာခွင့်ပေးခြင်းကို ၁၂ နာရီ ၃၀ မိနစ်အချိန်က  အဆိုပါ အကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ စုပေါင်း သွေးလှူဒါန်းပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြန်မာ့တို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နှစ်စဉ်မပျက်ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားများကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့အကျဉ်းထောင်မှ နိုင်ငံခြားအကျဉ်းသား(၁၃)ဦးပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း ဧပြီ (၁၇) ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၃၂ /၂၀၂၄)အရ အကျဉ်းထောင်အသီးသီးမှ နိုင်ငံခြားအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ကော့သောင်းအကျဉ်းထောင်မှ အင်ဒိုနီးရှားနိုင်ငံသားအကျဉ်းသား ၁၃ ဦးအား ယမန်နေ့မွန်းလွဲ ၁၂ ခွဲခန့်က လွတ်ငြိမ်းခွင့်ရကြောင်းသိရသည်။
Subscribe to