ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်(၁၀)အတွင်းရှိ ပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့အမှတ် (၁၀) ရပ်ကွက်ရှိ ​နွေရာသီရေအခက်အခဲဖြစ်သည့် ပြည်သူများအား ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာမှ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ ကလေးငယ်များအား မြန်မာ့ရိုးရာအစဉ်လာအတိုင်း သာသနာ့ဘောင်သို့သွတ်သွင်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သိရီကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ) Ph.D (Social Science), Ph.D (Vipassanā Bhāvanā) Thailand နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုဘွဲ့တံဆိပ်တော်ရ ပြည်တွင်း ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်အား အမှူးထားပြီး ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ စု‌ပေါင်း၍ ကလေးငယ်များအား မြန်မာ့ရိုးရာအစဉ်လာအတိုင်း သာမဏေရပဗ္ဗဇ္ဇသာသနာ့အမွေခံရှင်ပြု အလှူတော်၊ သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း၌ ပြုလုပ်ကျင်းပခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးသို့ ဧပြီလအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁)သန်း တိုးတက်ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၆၀) ဦး ဖန်တီးပေးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)နှင့် အခြားစာရေးသူများ ရေးသားထားကြသည့်

ဒေးဒရဲမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ဆောင်ပုဒ်နှင့်အညီ "ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား(၂၀၂၄)" ကို ယနေ့နံနက်(၈)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ သောက်သုံးရေများပြတ်လပ်မှု ကြုံတွေ့နေသော ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့်အမျှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း သောက်သုံးရေပြတ်လပ်မှုရှိသည့် ကျေးရွာများဖြစ်သည့် ရွှေဘုံသာကျေးရွာ၊ သဲဖြူကျေးရွာ၊ ကြာအင်းကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၀၀၀)စီအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေနှင်းဦးနှင့် ဝန်ထမ်းများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်း တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီက ကျုံဘုတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဒေသခံပြည်သူများအား စာသင်ဝိုင်းများဖြင့် သင်ကြားပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၃ နာရီခန့်က ရေမော်တာစက်ဖြင့် ရေတင်နေစဉ်အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to