၂၀၂၄ ခုနှစ် လူရည်ချွန်စခန်း (ငွေဆောင်) အား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်

၂၀၂၄ ခုနှစ် လူရည်ချွန်စခန်း (ငွေဆောင်) အား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ် ချောင်းသာ ဧပြီ ၃၀ တိုင်းဒေသကြီး (ပြန်/ဆက်)

ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောက်လုပ်လျက်ရှိသော RC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူ များတက်ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် ငါးရံ့မင်းပရိတ်တရားတော် (မစ္ဆသုတ်တော်) ရွတ်ဖတ်ပူဇော်ခြင်းနှင့် မိုးခေါ်ပွဲများပြုလုပ်

မြန်မာနိုင်ငံ့နေရာအနှံ့အပြားတွင် ရာသီဥတုအလွန်ပူပြင်းပြီး ရေများခမ်းခြောက်နေသောအခါ မိုးများရွာသွန်းစေရန်အလို့ငှာ မြန်မာတို့၏သက်ဝင်ယုံကြည်မှုဖြင့် ငါးရံ့မင်းပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းနှင့်မိုးခေါ်ပွဲများကို ပြုလုပ်လျက်ရှိကြရာ ကော့သောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် သံဃာတော်များမှ ငါးရံ့မင်းပရိတ်(မိုးပရိတ်) တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ညနေပိုင်းတွင် လွန်ဆွဲပွဲများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့ ဓမ္မေဒယစာသင်တိုက်တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက်တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့က ပြုလုပ်သည်။

လယ်ဝေးမြို့နယ်အတွင်း နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ည​နေပိုင်းက လယ်ဝေးမြို့နယ် အေလာကျေးရွာ kc ခန်းမတွင် ကျင်းပခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းများကို ၂၀၂၄ ခုနှစ် မေလ(၆)ရက်နေ့မှ မေလ(၁၇)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (အခမဲ့) ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ်တားစီးကာကွယ်ရေးအတွက် လျှပ်စစ်သွယ်တန်းထားသော ဝါယာကြိုးများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးဘေးအန္တရာယ်တာစီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မက်မန်းမြို့ပေါ်ရှိ ရပ်ကွက်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်သွယ်တန်းထားသည့် ဝါယာကြိုးများအား တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခဲ့သည်။

မြိတ်မြို့တွင် တရားမဝင်ဆေးဝါးများနှင့်ဆေးဝါးများကို ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ ဝယ်ယူသုံးစွဲနေကြသည့် ဆေးဝါးများကို ဈေးကွက်အတွင်း ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုင်းရှူးမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍   စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ  ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to