ပြည်မြို့ အ.ထ.က(မူယာပင်)ကျောင်း၌ လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ ရွာဘဲရပ်(မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်နေသော အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းနှင့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ပေးခြင်းတို့ကို ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။