ပေါင်းတည် ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၃ နာရီခန့်က ရေမော်တာစက်ဖြင့် ရေတင်နေစဉ်အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းရှိ အဖျော်ယမကာဆိုင်တစ်ဆိုင်၏နောက်ဖေးရှိ အရက်ဖြူသိုလှောင်ရုံ၌ ရေမော်တာဖြင့် ရေတင်နေစဉ် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ သိုလှောင်ရုံကို စတင်မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်ရာနေရာသို့ ပေါင်းတည်၊ ဇီးကုန်း၊ သဲကုန်းမြိုနယ်နှင့် အင်းမမြို့တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၉၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၉ စီး၊ အထောက်အကူပြုယာဉ်တစ်စီးနှင့် အုပ်ချုပ်မှု ယာဉ်တစ်စီးတို့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဝေလွင်ဦး ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်နိုင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ရဲမြင့်ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစည်သူဝင်းတို့ သွားရောက်ပြီး မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် ၅ လုံးနှင့် သိုလှောင်ရုံ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)