ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်(၁၀)အတွင်းရှိ ပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ရွှေဘို ဧပြီ ၂၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့အမှတ် (၁၀) ရပ်ကွက်ရှိ ​နွေရာသီရေအခက်အခဲဖြစ်သည့် ပြည်သူများအား ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာမှ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်​ထောက်ဦးစီး ဦးစိုးမင်းသိန်း၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား ​ရေဂါလံ ၃၆၀၀ ကိုရေသယ်ယာဉ်ဖြင့် နေအိမ်အရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံးရေကန်များနှင့် ရေရှားပါးရာနေရာများသို့ သောက်သုံးရေများလိုက်လံ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)