ပန်းတောင်း ဧပြီ ၂၉
ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့်အမျှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း သောက်သုံးရေပြတ်လပ်မှုရှိသည့် ကျေးရွာများဖြစ်သည့် ရွှေဘုံသာကျေးရွာ၊ သဲဖြူကျေးရွာ၊ ကြာအင်းကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၀၀၀)စီအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေနှင်းဦးနှင့် ဝန်ထမ်းများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေ ဂါလံ(၁၀၀၀)စီအား ရွှေဘုံသာကျေးရွာရှိ အိမ်ခြေ(၁၃၇)အိမ်၊ သဲဖြူကျေးရွာရှိ အိမ်ခြေ(၁၁၉)အိမ်နှင့် ကြာအင်းကျေးရွာရှိ အိမ်ခြေ (၁၂၃) အိမ်အတွက် ရေသယ်ယာဉ်များဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပန်းတောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေရှားပါးသော ကျေးရွာများသို့ ကျေးရွာအရောက် ရေသယ်ယာဉ်များဖြင့်သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)