ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှ သက်ကြီးဘိုးဘွားအတွက် စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ သက်ကြီးဘိုးဘွား(၂)ဦးအတွက် စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ MSME အထောက်အကူပြုထောက်ပံ့ပေးအပ်သော အသေးစားဆီကြိတ်စက်များအား ဆီထွက်သီးနှံအထူးဇုန်ရှိ တောင်သူများထံ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ MSME အထောက်အကူပြုတောင်သူများသို့ ထောက်ပံ့ပေးအပ်သော ကော်ဖီစေ့လှော်စက်နှင့် အသေးစားဆီကြိတ်စက်များပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှုစစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီတွင် နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဂေါပကအဖွဲ့ရုံးခန်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပ္ပါတန္တိစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် ပညာရှင်များ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်၊ ဝေနေယျသုခဓမ္မာရုံ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်၊ ဝေနေယျသုခဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့‌ နောင်ပါရင်ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ဘုန်းကြီး‌ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်‌အုပ်ချုပ်‌ရေးမှူး၊ ရပ်ကျေးစာရေး၊ ရပ်မိ၊ ရပ်ဖများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့၌ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ လာမည့် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းမြို့နယ်များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျိုးသန့်ဝက်များနှင့် ဒေသကြက်များ ထောက်ပံ့

ကယားပြည်နယ်အစိုးရအဖွဲ့မှ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းဝင်မြို့နယ်များတွင် အစားထိုးဖွံ့ဖြိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မျိုးသန့်ဝက်များနှင့် ဒေသကြက်များ ထောက်ပံ့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရေကြည်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီး‌ဘေးအန္တရာယ် သဏ္ဌာန်တူလက်တွေ့သရုပ်ပြပွဲကျင်းပ

ယခုအခါ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လေ့ရှိသည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်က ရေကြည်မြို့နယ်အတွင်းရှိ သပြေကွင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် မကွေးမြို့စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
Subscribe to