Grade – 9 လူရည်ချွန် ကျောင်းသား ကျောင်းသူများ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ၂၀၂၄ ခုနှစ်၊ ပုဂံလူရည်ချွန်စခန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူရည်ချွန် ကျောင်းသား/ ကျောင်းသူများ ယမန်နေ့ နံနက် ၁၁ နာရီက ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် (၂၀၂၄−၂၀၂၅) ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၂၀၂၄−၂၀၂၅) ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ (၂၅) ရက် နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းဘူးမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်တာဝန်ရှိသူများ အ.ထ.က (ခွဲ) မြို့မကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အ.ထ.က (ခွဲ) မြို့မကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများမှ သင်တန်းသား/ သင်တန်းသူများအား မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ အချိုရည်နှင့် ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်သန့်ရှင်းသာယာလှပစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှု၊ ကင်းထောက်မောင်မယ်များနှင့်တွေ့ဆုံ၊ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မကွေးတက္ကသိုလ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။

ပန်းအလှထိုးနည်း သင်တန်းဆင်းပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ ပန်းအလှဝါသနာရှင်များ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှထိုးနည်း သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံးတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအား‌ပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစို​ပြေ​သော အ​ခြေခံပညာစာသင်​ကျောင်းများအား ​ဖော်ဆောင်ပြီး ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အ​လေးထား​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းဝင်းအတွင်း ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ကြံခင်းမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများတွင်   အောင်စာရင်းများထုတ်ပြန်

၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်း များကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန် လျက်ရှိရာ  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက် (၆)နာရီမှစ၍ ထုတ်ပြန် ပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to