မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ဗထူးဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ဗထူးဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉×၃၀ လမ်းကြား၊ ၇၀×၇၁ လမ်းကြားရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တံတားဦးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်ဇေယျတု သဘောထားစာအုပ်အား စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)သရဖူခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အခြေခံရှေးဦးသူနာပြုစုခြင်းလုပ်ငန်းသင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ဖုန်းပြုပြင်နည်းသင်တန်း ဖွင့်လှစ်

ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းအဖြစ် အခြေခံဖုန်းပြုပြင်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သုတ/ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှု့ချင်သော်လည်းအကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဉီးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းမိသားစုများထံသို့သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to