တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဧပြီ ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)နှင့် အခြားစာရေးသူများ ရေးသားထားကြသည့်

“ကိုယ်ကျင့်နှင့် သိက္ခာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက (၂) ဦးမြသိန်းက “သိက္ခာရှိသူ” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် (Book Club) ဥက္ကဋ္ဌ စာရေးဆရာ မောင်ယဥ်ထွေး(တက္ကသိုလ်) က "အနာဂတ်အတွက် စိတ်ကောင်းတစ်ခုရှိမှ ဖြစ်မယ် "ခေါင်းစဥ်ပါ အကြောင်းအရာများ၊ (Women Club) အဖွဲ့ဝင် ဒေါ်ပွင့်ဖြူစင်သက်က “ကိုယ်ကျင့်နှင့် သိက္ခာ” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက “စံပြပုဂ္ဂိုလ်၏ ကိုယ်ကျင့်”ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက(၂) ဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို