ဒေးဒရဲမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

ဒေးဒရဲ ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်း တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီက ကျုံဘုတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဒေသခံပြည်သူများအား စာသင်ဝိုင်းများဖြင့် သင်ကြားပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ် မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ သော စာသင်ဝိုင်းများသို့ ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာသင်သားများ သင်ကြားနေမှုများ၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အာဟာရမုန့်များနှင့် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဒေးဒရဲမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ (၄၃)ဦးမှ စာသင်ဝိုင်း (၄၃)ဖြင့် သင်ကြားပေးလျက်ရှိရာ စာသင်သား (၆၄၉)ဦး တက်ရောက်သင်ယူလျက်ရှိပြီး အဆိုပါ စာသင်ဝိုင်းများကို ၂၀၂၄ ခုနှစ် ဧပြီလ (၈)ရက်နေ့မှ  မေလ (၂၀)ရက်နေ့ထိ  တစ်ရက်လျင် ပျမ်းမျှ (၃) နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)၊ နာရီပေါင်း(၁၂၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။

အေဇာလင်း