ပူတာအို မေ ၁
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ဧပြီလ ၂၉ ရက် နံနက် ၈ နာရီက မချမ်းဘော မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ နိုင်ငံ့စီးပွားမြှင့်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာ စီမံကိန်းကော်မတီအဖွဲ့ဝင်များ၊ ပူတာအိုအခြေချခေတ္တ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ကျော်ဦး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ပြီး စေတီတော်အား ဖူးမြှော်ကြည်ညိုကာ စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် အလှူငွေကျပ် ၅၃ သိန်းကို လှူဒါန်းပူဇော်ခဲ့ကြသည်။
ထို့နောက် မချမ်းဘောမြို့နယ် ခန်ချိုကျေးရွာသို့ သွားရောက်ပြီး တောင်သူ ဒေါ်အင်ခရီးယွန်ဂျီ နေအိမ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသဝက်များမွေးမြူထားရှိမှု အခြေအနေနှင့် ဈေး ကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်း များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အဆိုပါ ကျေးရွာအတွင်းရှိ ခရစ်တော်၏အသင်းတော်ဘုရား ကျောင်းဝင်းအတွင်း ဘုရားကျောင်းသွားလမ်း အတက်/အဆင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေးနှင့် အသင်းတော်ပိုင် မြေဧရိယာတိုးချဲ့ရရှိရေးတို့အတွက် အလှူငွေ နှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နမ်ခမ်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း မွေးမြူရေးတောင်သူများ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငါးမွေးမြူရေးကန် (၂)ကန်ဖြင့် ငါးများမွေးမြူထားရှိမှုကို လည်း ကောင်း၊ တောင်သူဒေါ်ချန်နန်ဆား၏ ခြံအပါအဝင် ကျေးရွာအတွင်း တောင်သူ (၈၁) ဦး အစုအဖွဲ့ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထူထောင်ပေးခဲ့သော နမ်ခမ်းမွေးမြူရေး သမဝါယမအသင်းလီမိ တက်ပိုင် ငါးမွေးမြူရေးကန်များတွင်း ငါးသားပေါက်များ မွေးမြူထားရှိမှု အခြေအနေများကို လည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးများမွေးမြူရောင်းချနိုင်မှု အခြေအနေ၊ စီးပွားဖြစ်ထွန်း မှုအခြေအနေများနှင့်စပ်လျဉ်း၍ ငါးမွေးတောင်သူများနှင့် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က နမ်ခမ်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လက်ရှိငါးမွေးမြူရေးကန် ပေါင်း (၃၀) ဖြင့် စီးပွားဖြစ်မွေးမြူလျက်ရှိသည့်အတွက် ဆက်လက်၍ ငါးမွေးမြူရေးစံပြကျေးရွာ တစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ထပ်မံတိုးချဲ့မတည်ပေးနိုင်ရေး ငါးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအကြား လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်အတွင်း တောင်သူဦးမရိန်ဖိ၏ ကျေးဇူးတော် ကြောင့်သာ နှစ်ရှည်သီးနှံ ဘက်စုံစိုက်ပျိုးရေးခြံသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် (၁၅)သိန်းဖြင့် ခြံဝင်းအတွင်း ဒေသ၏ အဓိကထွက်ကုန်သီးနှံဖြစ်သည့် ဘုရင်သီး၊ ဂရိတ်ဖုပျိုးပင် များ စိုက်ပျိုးထားရှိမှု၊ နာနတ်သီးစိုက်ခင်းများနှင့် အလေချီခေါ် ချဉ်ပေါင်ဖာလာခင်းများ စိုက်ပျိုးထား ရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ အလေချီပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှု အခြေ အနေများ၊ ဈေးကွက်ရရှိမှုနှင့် တစ်ဧကအထွက်နှုန်းအလိုက် အလေချီအစေ့ခြောက်များ ရောင်းချရာ တွင် အကျိုးအမြတ်ရရှိမှု အခြေအနေများနှင့် ပင်ပွားရောင်းချခြင်းမှ အပိုဝင်ငွေရရှိမှု အခြေအနေများ ကို မေးမြန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မချမ်းဘောမြို့နယ် ဂူဘားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး အထွက်တိုးဆင်းဧကရီ-၃ မျိုးစပါးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် အထူးအထွက်တိုး မျိုးစပါးများ နှစ်အလိုက် ဖြန့်ဝေထောက်ပံ့ခဲ့မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ခဲ့မှု၊ မိသားစုများ စားနပ် ရိက္ခာဖူလုံရေးအတွက် နေအိမ်တိုင်းတွင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက် စိုက်ခင်းများ တည်ထောင် စိုက်ပျိုးကြရေးနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ တောင်သူများ အတွက် အထူးအထွက်တိုး စပါးမျိုးစေ့များ ထောက်ပံ့ပေးသွားမည့် အခြေအနေများကို ရှင်းလင်းမှာ ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးအတွက် ကုလားပဲ (၂၁၇) ပိဿာ၊ စားသုံးဆီ (၁၀၈) ပိဿာနှင့် ငါးခြောက် (၇၃) ပိဿာ၊ ကြက်ဥနှင့် ခေါက်ဆွဲ ခြောက်ဖာများကို လည်းကောင်း၊ ဒေသခံတောင်သူများအတွက် အထူးအထွက်တိုး ဆင်းဧကရီ-၃ မျိုးစပါးတင်း (၁၅၀၀) တို့အား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကာ နိဂုံးချုပ် အမှာစကားပြော ကြားခဲ့သည်။
ထိုမှတစ်ဆင့် ပူတာအိုမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြန်လည်နေရာချ ထားပေးသည့် ဇီဒန်း (၂) ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘုရားကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချူပ်က အားပေးအမှာစကားပြောကြားပြီး ဒေသခံပြည်သူများက ရွာ အဝင်လမ်းဆောင်ရွက်ပေးနိုင်ရေး၊ သောက်သုံးရေတင်စက် ပြုပြင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးနိုင်ရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွက် ဆန်အိတ် (၂၀) အိတ်နှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ဇီးအွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Smart Village ကျေးရွာစီမံကိန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် မူလာအွန်ကျေးရွာ အတွင်း ကျေးလက်စီးပွားမြှင့်မားရေးနှင့် ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ဖြင့် မတည်ထူထောင် ပေးထားသည့် ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေနှင့် ဈေးကွက်ရောင်းချနိုင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများနှင့် ဒေသခံများ အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် အဆိုပါကျေးရွာအတွင်း မြစိမ်းရောင် စီမံကိန်း(၃)နှစ်ပြည့် အတိုးရငွေကျပ် (၇၉)သိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဆိုလာရေသန့်စက်ရုံ တည်ဆောက်လည်ပတ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရစ်ယာန်အသင်းတော် ကလေးသူ ငယ်ဖွံ့ဖြိုးရေးကျောင်း၌ ကလေးငယ်များအတွက် အာဟာရဖြည့်စွက်စာ ဝယ်ယူကျွေးမွေးနိုင်ရေး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဆိုပါမူလာအွန်ကျေးရွာမှတစ်ဆင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးခဲ့သည့် မူလာရှီးဒီ-လန်နို-ဇီးအွန်ကျေးရွာချင်းဆက် လမ်း(၄)မိုင် သဲကျောက် ခင်းခြင်းလုပ်ငန်းနှင့် လမ်းသားတိုးချဲ့၍ မြေသားတာဘောင်ဖို့ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် သစ်တောဦးစီးဌာနပိုင် မြို့မပျိုးဥယျာဉ်အတွင်း ၂၀၂၄ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် နှစ်ရှည်ပျိုးပင်ပေါက်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တည်ထောင်ပေးထားသည့် “ဆန်း” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်ပိုင် “ဆန်း” ဆန်စက်သို့ သွားရောက်ပြီး ဆန်စက် လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများနှင့် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု၊ လုပ်ငန်းအောင် မြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်