မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း မေ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်သည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်သည် နံနက် ၁၁ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများနှင့် (၄/၂၀၂၄)လအတွက် ဝန်ထမ်း(ဒါဘာ) ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်သည် မြို့တွင်းစင်္ကြန် Platform ပေါ်တွင် လမ်းဘေးစျေးသည်များနှင့် ပျံကျစျေးသည်များ ရောင်းချမှုမရှိစေရေး၊ အမှတ်(၃) ရပ်ကွက်ရှိ ဦးစိုင်းရှဲန်ရွက် ပိုင်ဆိုင်သည့် ကုန်လှောင်ရုံတွင် ပို့ကုန်/သွင်းကုန်နှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် သိုလှောင်မှုမရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်