မကွေး မေ ၁
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်တွေ၊ ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးဘေး အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ဒါမှ သန့်ရှင်းသပ်ရပ်ပြီး မြို့အင်္ဂါရပ်နှင့်ညီညွတ်နေမှာဖြစ်သည့်အတွက် အားလုံးတက်တက်ကြွကြွ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြဖို့ လစဉ်လည်း မှာကြားနေတာဖြစ်ပြီး ထပ်မံပြောကြားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ဖို့၊ ပညာသင်ကြားနိုင်ဖို့၊ အလုပ်အကိုင်များ၊ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ဖြစ်ပါကြောင်း၊ စားရေရိက္ခာပေါများရေးအနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီသည် အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာ နေထိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်သည့်အတွက် စီးပွားရေးအရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့် ငွေကြေးတန်ဖိုးအား တည်ငြိမ်နေရန် လိုအပ်ကြောင်း အကြီးအကဲ၏ မှာကြားချက်ကို ပြောကြားလိုပါကြောင်း၊ တိုင်းပြည် သာယာဝ ပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်း၌ ထုတ်ကုန်များ ပြည့်ဝစွာဖြင့် ထုတ်လုပ်နိုင်ရေး၊ စားသောက်ကုန်နှင့် လူသုံးကုန်များကို ဒေသအသီးသီး၌ ပြည့်စုံ လုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ရေး၊ နိုင်ငံအတွင်း၌ စားရေရိက္ခာဖူလုံမှုရှိစေရေး အမြဲဆောင်ရွက် နေရန်လိုပြီး သီးထပ် စွမ်းအားများတိုးတက်အောင် ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ကြမည် ဆိုပါက နိုင်ငံ၏စိုက်ပျိုးစွမ်းအားများလည်း တိုးတက်လာမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်သည့် အခြေခံ ကောင်းများကို ပိုင်ဆိုင်ထား ရှိသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံတကာတွင် စားရေရိက္ခာ ဖူလုံရေး(Food Security)ကို အထောက် အကူပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ဝင်ငွေကိုလည်း တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာ ပေါများရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ ပြည့်ဝစွာထုတ်လုပ်နိုင် ရေးနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသည့်အတွက် ပြည်ပမှထွက်ရှိသည့် ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေခြင်းများလည်းရှိနေပါကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာဖြင့် ထုတ်လုပ် နိုင်ရေးနှင့် အချက်အလက်များ မှန်ကန်စွာရယူနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်အချက်(၄)ချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ ရေလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင် စီမံကိန်းများကို စနစ်တကျဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိအချိန်သည် စိုက်ပျိုးရေးလုပ်ငန်း များ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧက အထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံး ဆီလိုအပ်ချက်များကိုများစွာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သည့်အတွက် ပြည်ပငွေ သုံးစွဲမှုများစွာလျှော့ချနိုင်မည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန များ အနေဖြင့် အလေးထားဆောင်ရွက်ပေးဖို့ ပြောကြား လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါဂွမ်းများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အချို့ကို ပြည်ပသို့တင်ပို့လျက်ရှိပြီး အချို့ကိုပြည်တွင်း၌ သုံးစွဲနေသည်ကိုတွေ့ရကြောင်း၊ အလားတူ ပြည်ပမှ ချည်နှင့် ပိတ်များကိုလည်း ပမာဏများစွာ တင်သွင်းနေရကြောင်း၊ ဝါစိုက်ပျိုး ထုတ်လုပ်မှုကိုလည်း အဆင့်မီသည့် ဝါဂွမ်းများ ထုတ်လုပ်နိုင် သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှချည်နှင့် ပိတ်များ တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းမှု ရှိစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ယခုကတည်းက ဆောင်ရွက်ထားရှိရေး သက်ဆိုင်ရာဌာနများအား တိုက်တွန်းပြောကြားလို ကြောင်း၊ စိုက်ပျိုးရေးအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးချိန် နီးကပ်လာပြီဖြစ်သည့်အတွက် မိုးသီးနှံများလျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အား(ထယ်ရေးပြင်ဆင်ခြင်း၊ သဘာဝ မြေဩဇာများ ထည့်သွင်းခြင်း) စသည်တို့ကို ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး တောင်သူများကို စည်းရုံးကြပ်မတ် ဆောင်ရွက်ဖို့ပြောကြားလိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းများမှ ချေးငွေနှင့် ဝန်ဆောင်ခများ ဆောလျင်စွာကောက်ခံ ရရှိမှသာ မိမိတို့ တိုင်းဒေသကြီးအတွင်း နောက်ထပ်မံဆောင်ရွက်မည့် စီမံကိန်းများ အချိန်မီ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစီမံကိန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းဆီထွက် သီးနှံ(မြေပဲ၊ နှမ်း၊နေကြာ) စီမံကိန်းများအတွက် ထုတ်ယူထားသော ချေးငွေများ ကို ရာနှုန်းပြည့် ပေးသွင်းနိုင်ရေးနှင့် သတ်မှတ်ကာလထက် ဆောလျင်စွာ ကောက်ခံရရှိရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်သွားကြဖို့နှင့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဇုန်(၁) မကွေး/ချောက်/ အောင်လံခရိုင်နှင့် ဇုန်(၂)မင်းဘူး/သရက်ခရိုင် တို့ကိုအထူးဇုန်များအဖြစ် သတ်မှတ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြင်ဆင်လျာထား ဆောင်ရွက်လျှက်ရှိရာ သက်ဆိုင်ရာ ခရိုင်အလိုက် ခွဲဝေထားရှိသည့် ဧကများ ပြည့်မီစွာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးဆီထွက်သီးနှံအထူး ဇုန်လုပ်ငန်း ကြီးကြပ်မှု ကော်မတီအား ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ရာ သက်ဆိုင်ရာ ဌာနအလိုက် အဆင့်ဆင့်ကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ ယခုအခါ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ် လျက်ရှိခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကိုရှောင်ရှားနိုင်ခြင်း မပြုနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိဖို့၊ ဇွန်လအတွင်း အခြေခံပညာ ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံ ကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေး ခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြဖို့ ပြောကြားလိုကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ကျောင်းများ ပြန်လည် ကောင်းမွန်စေရေးနှင့်လာမည့် ပညာသင်နှစ်တွင် ကျောင်းများ အားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုပါ ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး၊ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ စာကြည့်တိုက်များနှင့် ပတ်သက်၍လည်း စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်မှုရှိစေရေး၊ စာကြည့်တိုက်များတွင် ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ စုံစုံလင်လင် ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားဖို့လိုကြောင်း၊ အများပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်အောင် စာပေကုသိုလ်ဖြင့် ဆောင်ရွက်ကြစေလိုပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကောက်ရိုးမီးကဲ့သို့ မဟုတ်ဘဲ ရေရှည်အတွက်ကြည့်၍ စီမံဆောင်ရွက် ကြဖို့တိုက်တွန်း ပြောကြားလိုကြောင်း၊ အားကစားနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် လှုပ်ရှားမှု အားနည်းချက်များ ရှိနေဆဲဖြစ်သည်ကို တွေ့မြင်နေရပြီး ယှဉ်ပြိုင်မှုရှိမှသာ တိုးတက်မှုရှိမည်ဖြစ်သဖြင့် အားကစားသမားများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်နိုင်ရေး အားကစားပွဲများကို ဒေသအလိုက် ကျင်းပပေးဖို့လို ပါကြောင်း၊ အဲဒီလို ကျင်းပပေးခြင်းအားဖြင့် စုစည်းညီညွတ်သည့် အဖွဲ့အစည်းနှင့် အောင်မြင်မှု ရရှိအောင်ဆောင်ရွက်တတ်သည့် စိတ်ဓာတ်များနှင့် တိုင်းချစ်ပြည်ချစ်စိတ်များ ဖြစ်ပေါ်လာစေ မည်ဖြစ်ကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရရှိပြီး တိုင်းပြည်၏ ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ပြီး လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်း၍ အလေး ထားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဆက်လက်ပြီး ပြောကြားလိုတာကတော့ တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖြစ်စဉ်များ ဆောင်ရွက်ရာတွင်ဆိုင်ကယ်ကို(၂)ယောက်စီးနင်း၍ ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်ဒေသန္တရအမိန့်များ လိုက်နာစေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်များတွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ရာ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ခံရခြင်း ဖြစ်စဉ်များဖြစ်ပွား နေသည့်အတွက် လုံခြုံရေးအထူးဂရုစိုက်ကြဖို့ကိုလည်း ပြောကြားလိုပါကြောင်း၊ တရားမဝင်လောင်စာ ဆီများ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းမရှိစေရေး၊ခရိုင်၊ မြို့နယ်များတွင် Online လောင်းကစားနှင့် အခြားလောင်းကစားနည်း မျိုးစုံဖြင့် လောင်းကစားခြင်းများ မရှိစေရေးထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားရန်၊ လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်များ မရှိစေရေးနှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ပေးဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အစည်း အဝေး(၃/၂၀၂၄)ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ