ညောင်ဦး မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်က ရဘုရားများ ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်၍ ဖူးမြှော်ကြပြီး စုရပ်အသီးသီးသို့ပြန် လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့အား ဖူးမြှော်ကြည်ညိုကြပြီး လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းလှူဒါန်းသည့် အလှူငွေများအား မန္တလေးတိုင်း ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများက ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌတို့ထံ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားကြီးများ သမိုင်းကြောင်း၊ တည်ထားကိုးကွယ်ခဲ့သည့် မင်းများနှင့်ရှေးဟောင်း အင်္ဂတေပန်းများ၊ ဗိသုကာလက်ရာများအကြောင်းကို ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပြီး ဘုရားများတွင် ရောင်းချနေသည့် ပုဂံအမှတ်တရပစ္စည်းအရောင်းဆိုင်များမှ ပုဂံပြန်လက်ဆောင်ပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူမှုများပြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း