ဇီးကုန်း မေ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ စွမ်းရည်မြင့်မားတိုးတက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန်အတွက် နွေရာသီအင်္ဂလိပ်စာ 4 Skills သင်တန်းကို မေလ ၁ ရက်နေ့က အ.ထ.က(မြို့မ)ကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ သင်ထောက်ကူပစ္စည်းများ နှင့်အချိုရည် ဘူးများအား ကျောင်းသားကျောင်းသူများပေးအပ်ခဲ့ပြီး ဆရာ ဆရာမများက သင်တန်းအား ဆက်လက်သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါ နွေရာသီအခြေခံ အင်္ဂလိပ်စာ (4 Skills) သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတက်ရောက်သင်ကြားလျက်ရှိပြီး၊ သင်တန်းကာလမှာ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)