သာပေါင်း မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင် (၂)ဦး ကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေး မပျက်အဓိကထားဆောင်ရွက်ရန်၊(၈၆)ဘီလီယံ နွေစပါးသွင်းအားစု ဝယ်၊ကြိတ်အဖို့သို့ စပါးပေးသွင်းရန်၊ ရေတော် မိုးတော်(၇၅၁၆)ဧက သစ်စိမ်းမြေသြဇာ မြေမြှုပ်စိုက်ပျိုးရန်၊ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်၊ဆီဖူလုံရေး မြေပဲ/နှမ်း/နေကြာစိုက်ပျိုးရေးဆောင်ရွက်ရန်၊ နေကြာ(၂၅၁၆)ဧက စိုက်ပျိုးရေးတောင်သူများ မြေနေရာရွေးချယ်ဆောင်ရွက်ရန်၊ကော်ဖီ(၅၀၀)ဧက စိုက်ပျိုးရေးစည်းရုံးဆောင်ရွက်ရန်၊(၈၆)ဘီလီယံ မိုးစပါးသွင်းအားစု ထုတ်ပေးရာတွင် ပတ်သက်မှုမရှိစေရန်၊ စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းအပ်နှံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်နှိုးဆော်ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်ရန်၊ အပတ်စဥ်စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းကိစ္စ စဥ်ဆက်မပြတ်ဆောင်ရွက်ရန်၊ လူဦးရေစာရင်း လစဥ်မပြတ်ဆောင်ရွက်ရန်၊ ဘုရားပွဲ၊ နတ်ပွဲ၊ တရားပွဲ ခွင့်ပြုချက်ရရှိပြီးမှ ဆောင်ရွက်ရန်၊ လောင်းကစား၊ မူးယစ်ဆေးဝါး ပတ်သက်မှုမရှိစေရန်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြန်အပ်ထားသည့်ကျောင်း(၆)ကျောင်း ခွင့်ပြုချက်ကျသော်လည်း နှုန်းထား(၂)ဆကွာ နေသည့်အတွက် ကျေးရွာမှပူးပေါင်းကူညီဆောင်ရွက်ရန်၊၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ်အစား စိုက်ခင်းစနစ်ပြောင်းလဲစိုက်ပျိုးရေးဆောင်ရွက်ရန်၊ မျိုးစေ့ချကိရိယာ(Drum Seeder)တစ်အုပ်စု(၃)စီးနှုန်း ဝယ်ယူရန်၊ တစ်စီးလျှင်(၁၆၀၀၀၀)ကျပ်ဖြင့် လောလောဆယ်(၁)စီးဖိုးပေးသွင်းရန်နှင့် အထွေထွေကိစ္စရပ် တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း