ကြံခင်းမြို့တွင် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရွေးချယ်ခြင်းခံရသော လူရည်ချွန်မောင်မယ် (၅) ဦးအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်၊ ကဒုံစီးတိုက်ကျောင်းဘုန်တော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးကိုယ်စားပြုဘော်လီဘောအသင်း အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဘော်လီဘောပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီး ဂုဏ်ဆောင် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်း အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို မေလ ၃ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီး ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအားကစားအောင်နိုင်ရေးအဖွဲ့ဝင်များ၊ တိုင်းဘော်လီဘောအသင်းမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများမှ အဆိုပါရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ (၈၅) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မုံရွာမြို့နယ် စာရေးဆရာ အသင်းနာယက ဆရာမောင်မောင်ချစ်ဦး၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်လွင်(မောင်စိန်လွင်- မင်းကင်း)နှင့် မုံရွာမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။

မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း VDP စီမံကိန်း၊ Smart Village စီမံကိန်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌စလင်းတမံ၊ မဲဇလီဆည်၊ မြေအောက်ရေ၊ ရေစုတ်စက်များဖြင့် ဆီထွက် သီးနှံ(၃၂၄၀၈) ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  စလင်းမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများ  စားသုံးဆီ ကိုပြည်သူများပြည့်ဝစွာ  စားသုံးနိုင်ကြစေရန်နှင့်  သီးနှံဝင်ငွေတိုးပွားစေရန်အတွက်  စလင်းတမံ၊ မဲဇလီဆည်နှင့်မြေအောက်ရေ၊ ရေစုတ်စက်များကို အသုံးပြု၍ ဆီထွက်သီးနှံနွေနှမ်းအား  ပိုမိုအားထား စိုက်ပျိုးလျက်ရှိရာ  နွေနှမ်းစိုက်ပျိုး (၃၂၄၀၈)ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး၊ သတ်မှတ်လျာ ထားဧကထက်  ပိုမိုစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဓနုဖြူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီက နန်းတော်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၉၃၊ ဦးပိုင်၁၄၀/၁၊ တောင်သူဦးသန်းစိန်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
Subscribe to