ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် နည်းပညာပြန့်ပွားရေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့၌ ဆီထွက်သီးနှံအထူးဇုန်စံပြကွက် စိုက်ပျိုးတောင်သူများကို ပညာပေးဆွေးနွေးပွဲနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန် စံပြကွက်စိုက်ပျိုးတောင် သူများအား အသိပညာပေးဆွေးနွေးပွဲနှင့် မျိုးစေ၊ မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို မေ(၃)ရက် နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့၌ ၁၄ ကြိမ်မြောက် သက်ကြွယ်တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အသက်(၆၀)နှစ် အထက် ကျား/မ မရွေး လူမျိုး- ဘာသာ- အဆင့်အတန်းမရွေး အားလုံး ပါဝင်နိုင်သော ၁၄ ကြိမ်မြောက် သက်ကြွယ်များဆုံစည်းရာ သက်ကြွယ်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့၌ အသက် ၁၀ နှစ်အထက်ရှိသူများ အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက်များ ကောက်ယူမှတ်ပုံတင်၍ UID စာရွက်ထုတ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်း နေထိုင်သူများမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများကို အီလက်ထရောစနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များတို့ကို ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးတွင် ဇီဝအချက်အလက်များ ကောက်ယူရန်အတွက် ၂၀၂၃ခုနှစ်၊ ဧပြီလမှစ၍ လျာထားချက် ၂၂၂၆၀ ဦး စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄ခုနှစ်၊ မတ်၂၉ရက်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဧပြီ ၉ ရက်နေ့ထိUIDဆောင်ရွက် ပြီးစီးမှုအားဖြင့် ၂၂၉၉၇ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ယဉ်ကျေးမှုတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး လာရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ စာသင်‌ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊‌ လေကောင်းလေသန့်ရရှိရေး၊ အလင်းရောင်ကောင်းစွာရရှိရေး၊ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၇)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်‌မွေ(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး)၊ ရွာသာကြီးရပ်ကွက်အမှတ်(၂)လမ်းရှိ ရွာသာကြီးစီးပွားရေးတက္ကသိုလ်နှင့် (၂၆)ရပ်ကွက်ရှိယဉ်ကျေးမှုတက္ကသိုလ်တို့တွင် တပ်မတော်သားများ၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတအသင်းများစုပေါင်းကာလူအင်အား၊ စက်အင်အားတို့ဖြင့် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ မြေသားကန်များတူးဖော်ရှင်းလင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

မအူပင်မြို့တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာလင်္ကာရဘုန်းဝောာ်ကြီးကျောင်းသို့ ဆန်နှင့်ဆီများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၄ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၉) နာရီက ဆရာဒါယကာ‌ကျောင်းဖြစ်သည့် ရတနာလင်္ကာရဘုန်းတော်ကြီးကျောင်းသို့ ဆန်နှင့်ဆီများ သွားရောက်လှူဒါန်းခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကလေးငယ်‌လေးများ ငယ်စဉ်ဘဝမှစ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် အသက်(၁)နှစ်အောက်နှင့် အသက်(၂)နှစ်အောက်ရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ကလေးငယ်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သိမ်ကျောင်း‌ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် စိုက်မွေး(၁)ကျေးလက်ကျန်းမာရေး ဌာနခွဲတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာထောက်ပံ့၊ အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကိုအခါအားလျော်စွာဆောင်ရွက်လျက်ပြီး မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အင်းစိန်မြို့နယ်၌ အင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ အခမဲ့ သင်တန်း ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အတင်းအဓ္ဓမ ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်သည့်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာ မြို့ရွာများရှိ မိဘဆွေမျိုးများနေအိမ်နှင့် ဘာသာရေး အဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကာ ဒေသခံပြည်သူများ မူလနေထိုင်ရာ နေရာဒေသနှင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည့်အတွက် ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးကို မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
Subscribe to