စလင်း မေ ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စားသုံးဆီ ကိုပြည်သူများပြည့်ဝစွာ စားသုံးနိုင်ကြစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စလင်းတမံ၊ မဲဇလီဆည်နှင့်မြေအောက်ရေ၊ ရေစုတ်စက်များကို အသုံးပြု၍ ဆီထွက်သီးနှံနွေနှမ်းအား ပိုမိုအားထား စိုက်ပျိုးလျက်ရှိရာ နွေနှမ်းစိုက်ပျိုး (၃၂၄၀၈)ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး၊ သတ်မှတ်လျာ ထားဧကထက် ပိုမိုစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနွေနှမ်းအား ကျေးရွာအုပ်စုအများ အပြားစိုက်ပျိုနိုင်ကြစေရန် လျာထားဧက(၃၁၄၁၈)လျာထားခဲ့ပြီး တောင်သူများမှသတ်မှတ် လျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရန်အတွက် စလင်းတမံနှင့်မဲဇလီဆည် ရေသောက် စိုက်ပျိုးမြေဧရိယာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ ကျေးလက် တောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နွေနှမ်းစိုက်ပျိုးပြီး စီး(၃၂၄၀၈)ဧက၊ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းစိုက်ပျိုးခြင်းကို ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးလျက်ရှိရာ သီးနှံအထွက်နှုန်းကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ကာစိုက်ပျိုးရေးနည်းပညာများ နွေနှမ်းစိုက်ပျိုးရေးတောင်သူ ပညာပေး လုပ်ငန်းဆွေးနွေးပွဲများနှင့် လက်တွေ့ကွင်းဆင်း ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြ၍ လျာထားဧက (၃၁၄၁၈)ဧကလျာထားခဲ့ပြီး၊ လယ်မြေစိုက်ပျိုးမှု (၂၆၀၅၁)ဧက၊ ယာမြေ စိုက်ပျိုးမှု(၈၂၉)ဧက၊ ကိုင်းမြေစိုက်ပျိုးမှု (၅၅၂၈)ဧက၊ စုစုပေါင်း (၃၂၄၀၈)ဧကကို စိုက်ပျိုး ပြီးစီးခဲ့ပြီး၊ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ကာ သီးနှံဝင်ငွေတိုးပွားရေးအတွက် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးခြင်းများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးကြရာ အဆင်ပြေသည့်အတွက် နေရာဒေသလိုက်၍ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း