နွေရာသီသောက်သုံးရေအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းနှင့်‌ ကျေးရွာသို့သောက်သုံးရေများလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေရာသီသောက်သုံးရေအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းနှင့်ကျေးရွာသို့ ရပ်နီးရပ်ဝေးမှအလှူရှင်များ၏လှူဒါန်းမှုဖြင့် လိုအပ်သောသောက်သုံးရေများကို မြို့နယ်ပရဟိတအဖွဲ့အစည်းများက ရေသယ်ယာဉ်ဖြင့် ကျေးရွာအရောက်သွားရောက်၍ ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာကြီး(၁)ဦးနှင့် ဆရာမကြီး(၁)ဦးအား ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာကြီး(၁)ဦးနှင့် ဆရာမကြီး(၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

လူရည်ချွန်လေ့လာရေးအပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန် မောင်မယ်များအား ပူတာအိုလေဆိပ်၌ ဂုဏ်ပြုကြိုဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန် မောင်မယ် ကျောင်းသားကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်း‌ဖြေစခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေ(၆)နာရီတွင် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပူတာအိုလေဆိပ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဝါခင်းကုန်းဘုရား ရင်ပြင်တော်နှင့် ပရဝဏ် အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဝါခင်းကုန်းဘုရားရင်ပြင်တော်နှင့် ပရဝဏ်အတွင်းတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားရန် နိဗ္ဗာန်အကျိုးမျှော်၍ လက်ခံဆောင်ရွက်ပေးနေ

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ရာ ကိုယ်တိုင်လောင်းလှူလိုပါက လည်းကောင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါကလည်းကောင်း နိဗ္ဗာန် အကျိုးမျှော်၍ လက်ခံဆောင်ရွက်ပေးနေပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ ညနေပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/ မြို့နယ် မီးသတ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

(၇၈)နှစ်မြောက်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့က သွေးလှူဒါန်းပေးခဲ့ကြသည်။

သာပေါင်းမြို့နယ် ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ၊ တောင်သူများ တွေ့ဆုံ ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီအဖွဲ့ဝင်တို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ၊ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင်၊ ပန်ကြူကျေးရွာအုပ်စုတွင် မေလ ၂ ရက်နှင့် ၃ ရက်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မေ ၄ ရက်နှင့် ၅ ရက်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့သည်။

ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများအား အချိုရည်နှင့် မုန့်များ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့က ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းတွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား အာဟာရကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ နှစ်နာရီက မန္တလေး၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅လမ်း၊ ၃၁×၃၂ လမ်းကြား၊ ငြိမ်းချမ်းရေးဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းကျောင်း၌ ပြုလုပ်သည်။
Subscribe to