ဆီဆိုင်မြို့၌ မြို့မဈေးပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ(၄)ရက်နေ့ နံနက် ၇ နာရီအချိန်က မြို့မဈေး၌ စုပေါင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် ပြည်တော်သာကျေးရွာ၌ ရေနက်စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးသဖြင့် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံပိုလျှံစွာသုံးစွဲနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်း ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပြည်တော်သာကျေးရွာ၌ ရေနက်စက်ရေတွင်း၊ ရေစက်ရုံနှင့်စင်မြင့်ရေစင်တစ်ခု ဆောင်ရွက်ပေးခဲ့သဖြင့် ပြည်သူများသန့်ရှင်းသော သောက်သုံးရေ ဖူလုံပိုလျှံစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာနသည် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာခရိုင်၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄)အခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄) အခမ်းအနားကို မေ ၃ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော် မြတ်ကြီး၏ အရှေ့ဘက်မုဒ်​စောင်းတန်းရှိ အပူရှောင်စခန်းအား မေလ၅ရက်နေ့တွင် စတင်ဖွင့် လှစ်မည်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ် စဥ်ကြောင့် နေ့စဥ် တစ်နေ့ထက်တစ်နေ့  အပူရှိန်မြင့်တက်လာသဖြင့် ဒေသခံပြည်သူများ အသက် အန္တရာယ်နှင့် အရေပြားရောဂါ ထိခိုက်မှုမရှိစေရန်အတွက် အပူရှောင်စခန်းအား ရှေးဟောင်း သမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်စောင်းတန်းတွင် မေလ(၅)ရက်နေ့ စတင်ဖွင့်လှစ်မည့်​ဖြစ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဝက်လက်ကျေးရွာနှင့် ရွာသာ‌ကျေးရွာကြား ၁၈ ဘီး နောက်တွဲယာဉ်တစ်စီး မော်တော်ကားတာယာပွင့်၍ ကားဘီးမီးလောင်မှုဖြစ်ပွား

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဝက်လက်ကျေးရွာနှင့် ရွာသာ‌ကျေးရွာကြား၊ မိုင်တိုင်အမှတ်(၂၉၁/၆-၇)တွင် မေလ(၄)ရက်၊ နံနက် (၅)နာရီကျော်ခန့်က  ၁၈ ဘီး နောက်တွဲယာဉ်တစ်စီး မော်တော်ကားတာယာပွင့်၍ ကားဘီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ မဟာဝိဟာရကျောင်းတိုက်တွင် သံဃာတော် (၇၁၆)ပါးအား တီဘီရောဂါရှိ/မရှိ အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာခိုင်သဉ္ဇာစိုးဦးဆောင်သောအဖွဲ့နှင့် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ကလီထော်ကျေးရွာ၊ မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များအား တီဘီရောဂါရှိ/မရှိ စစ်ဆေးကုသခြင်းကို  ကွင်းဆင်းကုသပေးကြောင်း သိရသည်။
Subscribe to