လက်ပံတန်းမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရက်သတ္တပတ် အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် "ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရက်သတ္တပတ် အခမ်းအနားကို လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

စလင်းမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်း၍ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ (၅) ရက်နေ့ (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက် (၉) နာရီ ၁၅ အချိန်က ရှင်ပင်ရွှေမုဌောဘုရား ရင်ပြင်တော်ပေါ်၌ မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ မိသားစုဝင်များက ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဇီဝိတဒါနအဖြစ် စုပေါင်း ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၇:၃၀ နာရီအချိန်က သံတွဲမြို့နယ် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်း ကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်မီးသတ်ဦးစီးဌာန၌ ယနေ့နံနက်(၆)နာရီက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်း ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ဆီထွက်သီးနှံအထူးဇုန်စံပြကွက် စိုက်ပျိုးတောင်သူများကို ပညာပေးဆွေးနွေးပွဲနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန် စံပြကွက်စိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲနှင့်မျိုးစေ၊ မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို မေ(၃)ရက် နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်စခန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေဖြင့် တောင်သူ ဦးယောန၏ စံပြစိုက်ပျိုး ထားသော ထောပတ်၊ သရက်၊ ကျွဲကောနှင့် ပိန္နဲခင်းများအား မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to