ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပေါင် မေ ၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်၊ ကဒုံစီးတိုက်ကျောင်းဘုန်တော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးသန်းဝင်းဇော်နှင့် ဝန်ထမ်းများမှ အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ကြား ပြည်သူ (၂၅)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၂၃) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ် ပြုလုပ်ပေးခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ (၅)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်ဆီး မိတ္တူပြုလုပ်သူ (၄) ဦး၊ စုစုပေါင်း (၅၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းအပြင် (Biometric)ကောက်ယူခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)