ချောင်းဆုံ မေ ၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးအရာရှိဦးကျော်မြင့်သန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအနေဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ကို ဘီလီယံ(၄၄၁.၅)နှင့် ပုံမှန်စျေးနှုန်းအရ (၄.၅)% တိုးတက်ရန် ရည်မှန်းရေးဆွဲထားပါကြောင်းနှင့် ကဏ္ဍအလိုက်ရည်မှန်းချက်များအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ သုံးစွဲသည့်ဌာန/အဖွဲ့အစည်း(၁၃)ခုအတွက် စုစုပေါင်းကျပ်သန်းပေါင်း (၆၄၅၂.၃၃၇) ရင်းနှီးမြှုပ်နှံရန်လျာထားကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ သစ်တောကဏ္ဍ၊ အခြားဝန်ဆောင်မှုသဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍများအတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)