မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မုံရွာ မေ ၄

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ (၈၅) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မုံရွာမြို့နယ် စာရေးဆရာ အသင်းနာယက ဆရာမောင်မောင်ချစ်ဦး၊  ဒုတိယဥက္ကဋ္ဌ ဦးစိန်လွင်(မောင်စိန်လွင်- မင်းကင်း)နှင့် မုံရွာမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မုံရွာမြို့နယ် စာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးစိန်လွင်( မောင်စိန်လွင်မင်းကင်း)က အဖွင့်အမှာစကားပြောကြား‌ပြီးနောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာရေးဆရာ နိုင်သျှား(မိုးမိတ်)၏ "ရင်အက်ကြောင်းမှ ဆောင်းမျက်ရည်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာ နိုင်သျှား(မိုးမိတ်)၏" ရင်အက်ကြောင်းမှ ဆောင်းမျက်ရည်"  ရသဝတ္ထုတိုပါ ဝတ္ထုတို ၁၇ ပုဒ်နှင့်ပတ်သက်၍ တက်ရောက်လာကြသည့် မြို့နယ် စာအုပ်စာစောင်ချစ်သူများအသင်းအဖွဲ့ဝင်များက နှစ်သက်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးမှုများအပေါ် စာရေးဆရာ နိုင်သျှား(မိုးမိတ်)က ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)