သာပေါင်းမြို့နယ် ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ၊ တောင်သူများ တွေ့ဆုံ ဆွေးနွေး

သာပေါင်း မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီအဖွဲ့ဝင်တို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ၊ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်တိုးမြင့်မားရေးကော်မတီ အဖွဲ့ဝင်၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းမြတ်သူနှင့် အဖွဲ့ဝင်တို့က ရှမ္မမြောင်ကျေးရွာအုပ်စု၊ ဆောင်ဘုံ ကျေးရွာအုပ်စုတို့မှ ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ၊ တောင်သူများနှင့် တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ချ ကြဲပက်မြေမြှုပ်ရေး၊ စပါးကြဲခင်း စနစ်မှ စိုက်ခင်းစနစ်သို့ ပြောင်းလဲစိုက်ပျိုးရေး၊ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိ‌ရေး၊ သီးထပ်စွမ်းအားမြှင့်တင်စိုက်ပျိုးရေး၊ အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး၊ လှပ်မြေမကျန်ရှိစေရေး၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုနိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)