ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် မေ-၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ ညနေပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၇A) ကွင်းအတွင်းရှိ တောင်သူ ဦးလင်းလင်း၏  ဗီယမ်နမ်စပါးမျိုး မျိုးသန့်မျိုးထုတ်နည်းဖြင့် (၇)ဧက နှင့် Drum Seeder နည်းဖြင့် (၆)ဧက စုစုပေါင်း (၁၃)ဧက စံပြကွက် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄၈ ၊ ၄၄၉)ရှိ ဆည်ကြီးကုန်းဆည်ရေဖြင့်  ဒေသခံတောင်သူများမှ  နွေနှမ်း (ဂွကြောနက်မျိုး) (၁၂၄)ဧက စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား  ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်အပ်ချက်များအပေါ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)