ကျိုင်းတုံ မေ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင်၊ ပန်ကြူကျေးရွာအုပ်စုတွင် မေလ ၂ ရက်နှင့် ၃ ရက်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မေ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပန်ကြူကျေးရွာအုပ်စု၊ နမ့်ကွေ့ကျေးရွာနှင့် နမ့်အော်ကျေးရွာများမှ လေဘေးသင့်ခဲ့သည့် နေအိမ် ၁၅ လုံးမှ အိမ်ထာင်စု ၁၅ စု၊ လူဦးရေ ၇၇ ဦး အတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)