စစ်ကိုင်း မေ ၅
(၇၈)နှစ်မြောက်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့က သွေးလှူဒါန်းပေးခဲ့ကြသည်။
“ ကျွန်တော်တို့ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ (၇၈)နှစ်မြောက်၊ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ(၄)ရက်နေ့က စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်သလို အသုံးပြုနိုင်ရန် စုပေါင်းသွေးလှူဒါန်းခဲ့ကြပါတယ်--ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ စုပေါင်းသွေးလှူဒါန်းမှုကို နှစ်စဉ် လှူဒါန်းဖြစ်ခဲ့ပါတယ်--ကျွန်တော်တို့ သွေးလှူဒါန်းပြီး ရင် ဇေယျာရပ်ကွက်ရှိ အိမ်ထောင်စု(၅၀)၊ လူဦးရေး(၂၀၀)အတွက် သောက်သုံး ရေဂါလံပေါင်း (၂၈၀၀)ကိုလည်း ဆက်လက်လှူဒါန်းပေးသွားအုံးမှာပါ” ဟု မြို့နယ်မီးသတ် ဦးစီးမှူးက ပြောပြသည်။
စစ်ကိုင်း ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် စုပေါင်း သွေးလှူဒါန်းခြင်း၊ မီးဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ မီးဘေး ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ နွေရာသီ သောက်သုံးရေ အခက်အခဲရှိသော ရပ်ကွက်/ ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်