ချမ်းအေးသာစံ မေ ၅
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ရာ ကိုယ်တိုင်လောင်းလှူလိုပါက လည်းကောင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါကလည်းကောင်း နိဗ္ဗာန် အကျိုးမျှော်၍ လက်ခံဆောင်ရွက်ပေးနေပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၇ မှ ၂၅၆၈ သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) မေ ၂၂ ရက်နေ့တွင် ကျုံးအရှေ့ဘက် (အရှေ့ပြင်) ၆၆လမ်းအတိုင်း သံဃာတော် ၂၅၆၈ ပါး၊ ကျုံးတောင်ဘက်(တောင်ပြင်)၊ ၂၆လမ်းအတိုင်း သံဃာတော် ၂၅၆၈ ပါး၊ ကျုံးအနောက်ဘက်(နောက်ပြင်)၊ လမ်း ၈၀ အတိုင်း သံဃာတော် ၂၅၆၈ ပါး၊ ကျုံးမြောက်ဘက် (မြောက်ပြင်)၊ ၁၂လမ်းအတိုင်း သံဃာတော် ၂၅၆၈ ပါး စုစုပေါင်း ဆရာတော် သံဃာတော် ၁၀၂၇၂ ပါး အား ဆွမ်း၊ ဆွမ်း ဟင်းများ၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်သည်။
အဆိုပါ လောင်းလှူပွဲတွင် ကိုယ်တိုင်လောင်းလှူလိုပါကလည်းကောင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်း လိုပါကလည်းကောင်း ဦးသက်နိုင်ထွန်း (၀၉-၄၀၂၀၀၁၀၆၉)၊ ဦးစိုးမိုးသိမ်း (၀၉-၉၇၀၈၂၃၆၈၈)၊ ဦးစိုးလှမြင့် (၀၉-၅၁၂၀၅၂၀)၊ ဦးတင်မောင်စိုး (၀၉-၂၅၀၈၆၂၁၅၈) သို့ မေလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ နောက်ဆုံးထား ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)