အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်ဆီး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မေလ ၄ ရက်နေ့ ညနေ ၇ နာရီ ၄၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇)လုံးအမိုးလန်ပျက်ဆီး၍ (၂)လုံးပြိုလဲ ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။