ညောင်ရွှေမြို့၌ ဆီထွက်သီးနှံအထူးဇုန်စံပြကွက် စိုက်ပျိုးတောင်သူများကို ပညာပေးဆွေးနွေးပွဲနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

ညောင်ရွှေ   မေ   ၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန် စံပြကွက်စိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲနှင့်မျိုးစေ၊ မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို မေ(၃)ရက် နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းက အမှာစကားပြောကြားပြီး ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ      ဦးကျော်စွာလင်းက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးပက်ထရစ်ဗြူးက သွင်းအားစုထောက်ပံ့ပစ္စည်း ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ဆီနှံထွက်သီးနှံအထူးဇုန် စံပြကွက်စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့်မြေဩဇာထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

၎င်းနောက် အစီအစဉ်ဒုတိယပိုင်းအဖြစ် တောင်သူအသိပညာပေး ဆွေးနွေးပွဲကိုဆက်လက် ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများအား ဆီထွက်သီးနှံစိုက်ပျိုးခြင်းနည်းပညာ၊ မြေဩဇာထည့်သွင်းခြင်းနည်းပညာ၊ သီးနှံ ပြုစုထိန်းသိမ်းခြင်းနည်းပညာ၊ ပိုးမွှားနှိမ်နှင်းခြင်းနည်းပညာများနှင့် သီးနှံရိတ်သိမ်းထုတ်လုပ်ခြင်း နည်းပညာများကို အသေးစိတ်ရှင်းလင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း နှင့် အဆိုပါတောင်သူအသိပညာပေးဆွေးနွေးပွဲသို့ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူ (၃၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ