စလင်းမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်း၍ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ

စလင်း မေ ၅

မကွေးတိုင်းဒေသကြီး  စလင်းမြို့နယ်တွင်  ၂၀၂၄ ခုနှစ် မေလ (၅) ရက်နေ့ (၇၈)နှစ်မြောက် မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့နေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ယနေ့ နံနက် (၉) နာရီ ၁၅ အချိန်က ရှင်ပင်ရွှေမုဌောဘုရား ရင်ပြင်တော်ပေါ်၌  မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ  မိသားစုဝင်များက ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့်  ဇီဝိတဒါနအဖြစ်  စုပေါင်း ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်  မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်  ရည်မှန်းချက် တာဝန်ကြီး (၄) ရပ်ဖြစ်သည့်  မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး  စသည်တို့ လုပ်ဆောင်လျက်ရှိရာ (၇၈) နှစ်မြောက်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို  ဂုဏ်ပြုသောအားဖြင့်  စလင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ  ဦးဝင်းဗိုလ် ဦးဆောင်ကြီးကြပ်မှုဖြင့်  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင်များက ဇီဝိတဒါနအဖြစ်  ငါးအကောင်ရေ (၅၀၀) အား  ရွှေမုဌောဘုရား  ဝက်သည်းကန် အတွင်း၌  စုပေါင်းငါးလွှတ်ပွဲပြုလုပ်ခဲ့ပြီး  ရွှေမုဌောဘုရားရင်ပြင်တော်ရှေ့၌  တပ်ဖွဲ့ဝင် အမျိုးသမီးများက ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းများဖြင့်  ပူဇော် ကန်တော့ခဲ့ကြပြီး  အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍  မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်  တပ်ဖွဲ့ဝင်များအား နံနက်စာဖြင့်  ဧည့်ခံကျွေးမွေးခဲ့ကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ  သိရသည်။

မောင်မောင်လွင် (ပြန်/ဆက်)