မိတ္ထီလာမြို့၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မိတ္ထီလာ မေ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်စခန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းက (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းကို ဖတ်ကြားသည်။ ထို့နောက် စံပြမီးသတ်စခန်း ပထမဆု ရရှိခဲ့သည့် အမြန်လမ်းမကြီး မီးသတ်စခန်း (သီးကုန်း)တာဝန်ခံနှင့် ဗဟိုဝန်ထမ်း (တက္ကသိုလ်)သင်တန်းတွင် ပထမဆု ရရှိခဲ့ သည့် ထူးချွန်မီးသတ်တပ်ဖွဲ့ဝင် တို့အား ဂုဏ်ပြုဆုများကို ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းက ပေးအပ်ချီးမြှင့်ခဲ့ သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ