မက်မန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

မက်မန်း မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူ ဦးယောန၏ စံပြစိုက်ပျိုး ထားသော ထောပတ်၊ သရက်၊ ကျွဲကောနှင့် ပိန္နဲခင်းများအား မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဈေးကွက်ဝင် စိုက်ပျိုးထားသော ထောပတ်၊ သရက်၊ ကျွဲကောနှင့် ပိန္နဲများ စိုက်ပျိုးထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှု ရာတွင် စိုက်ပျိုးထားသော စားပင်သီးပင်များသည် အချိန်ကာလ ကြာမြင့်မှု မရှိသေးသော်လည်း  အောင်မြင်ဖြစ်ထွန်းနေကြောင်း တွေ့ရသည်။ နိုင်ငံ့စီပွားမြှင့်တင်ရေးအတွက် မြေလွတ်မြေရိုင်းများ တွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသတွင်း နှစ်ရှစ် စားပင်သီးပင်များ ထပ်မံစိုက်ပျိုးလိုသော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်ထံမှ  သိရသည်။

စောဥမ္မာ(ပြန်/ဆက်)