လင်းခေး မေ ၅
(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့ကြရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာကြသော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လင်းခေးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူးများနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်