သံတွဲ မေ ၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၇:၃၀ နာရီအချိန်က သံတွဲမြို့နယ် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးချစ်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အရေးပေါ်မီးငြှိမ်းသတ်ရေးနည်းစနစ်များ သရုပ်ပြခြင်းနှင့် ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ပစ္စည်း ကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးမီးငြှိမ်းသတ်ပစ္စည်း ကိရိယာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်