လက်ပံတန်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် "ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရက်သတ္တပတ် အခမ်းအနားကို လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းက ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရက်သတ္တပတ် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လားသော ကိုယ်ဝန်ဆောင်နှင့် မိခင်နှင့်ကလေးများအား ကာကွယ်ဆေး ထိုနှံတိုက်ကျွေးပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက မုန့်အာဟာရနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းထွန်း