စဉ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ပညာရေးဦးစီးဌာနမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ယနေ့နံနက်ပိုင်းမှစ၍ စဉ့်ကူး(အထက)ကျောင်းရှိ ရွှေရတုခန်းမတွင် ထုတ်ပေးလျက် ရှိသည်။

ကျောက်ဆည်မြို့နယ်တွင် ပနံကျေးရွာတွင် စိုက်ပျိုးထားသော နွေပဲတီစိမ်း သီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးနှံများကို ဆည်၊ ကန်၊ တူးမြောင်းများအလိုက် စိုက်ပျိုးထားရှိရာ ပနံကျေးရွာတွင် စိုက်ပျိုးထားသော နွေပဲတီစိမ်း သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ကျောင်းသားကလေးငယ်များအတွက် နွေရာသီအခြေခံ ကရာတေးသင်တန်း အခမဲ့ဖွင့်လှစ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းဖွင့် ရာသီမတိုင်မီ နွေရာသီအခြေခံအားကစား သင်တန်းအဖြစ် အခြေခံ ကရာတေးသင်တန်း ဖွင့်ပွဲကို မေ(၇)ရက်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဝတ္ထုတိုရေးနည်းနှင့်စာစီစာကုံးရေးနည်းသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) နှင့်ပူးပေါင်း၍ ဝတ္ထုတိုရေးနည်းနှင့်စာစီစာကုံးရေးနည်းသင်တန်းကို မေလ (၄) ရက်နေ့မှ‌စ၍ ဖွင့်လှစ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ပြည်သူ (၄၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူ (၄၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား နယ်လှည့်ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အကြို စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မေလ (၈) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အကြို စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ( ၉ ) နာရီက ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင် (၇၀၀) ရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်သည်။

သဲကုန်းမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးကျော်လှိုင်၊ ပြည်မြို့အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဦးမင်းဇော်ဦး၊ နတ်တလင်းခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းတို့လိုက်ပါလျက် သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ဆောက်လုပ်လျက်ရှိသောစက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း RCC ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန် ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မတ္တရာမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ အကနည်းပြဆရာမများနှင့် တိုင်းရင်းသား ရိုးရာအက သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
Subscribe to