မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနား မှူးကောင်းတစ်‌ယောက်ဖြစ်လာစေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခမ်းအနားမှူးသင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့‌နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား ရေသွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက် ၈ နာရီတွင် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြီးမှူး၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေ ၇ ရက်နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့်ပိုစတာပြိုင်ပွဲ ကျင်းပသည်။

တနိုင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ရက်တိုသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ရက်တိုသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၈) ဖွင့်ပွဲ အခမ်းအနားကျင်းပ

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ၃ မိုင်မြို့ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် လေးအိမ်ကုန်းကျေးရွာ၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး (Drum Seeder) အသုံးပြု မျိုးစေ့ချပွဲ ကျင်းပ

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧက စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေးနှင့် လယ်ယာလုပ်သား ရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော မျိုးစေ့ချ ကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးရာသီ (Drum Seeder)ဖြင့် အသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲက လေးအိမ်ကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၄၅)၊ ဦးပိုင်အမှတ် (၉/၄)ရှိ တောင်သူဦးဝင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုဇယားများ ပြည်သူများထံ ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" " ပန်းခင်းစီမံချက်" အဆင့်-၃ ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို ပြည်သူများအတွက် ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ အချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊  အောက်ပုဇွန်တောင်လမ်း၊ ပြည်တော်သစ်အိမ်ရာရှိ အမှတ်(၃/၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
Subscribe to