ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့လှုပ်ရှားမှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အကြိုလှုပ်ရှားမှုအဖြစ် မေလ ၅ ရက်နေ့တွင် ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ စေတနာလုပ်အားရှင်များက ဟင်္သာတမြို့ရှိ သမိုင်းဝင် မြို့သူကြီးဘုရားဝင်းအတွင်းရှိ ဘုရားစေတီများ၊ ဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်နှင့် ဝန်းကျင်တို့တွင် အမှိုက်ကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းများကို စုပေါင်းကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လေဘေးဒဏ်သင့် သမိုင်းဝင်‌ မွေတော်ကက္ကူဘုရား အရံစေတီ ၆ ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် အလှူငွေများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မေလ ၂ ရက်ညက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထီးတော်မြေခခြင်းဖြစ်ပွားခဲ့သည့် မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီခြောက်ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အခမ်းအနား ကျင်းပ

“ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်အထိ က‌လေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အခမ်းအနားကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

မင်းလှမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လှုမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတတ်မှုရှိစေရန်ရည်ရွယ်၍ မင်းလှမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ ချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့မဈေးကြီးအတွင်း သတ်မှတ်နေရာထက်ကျော်လွန်၍ တည်ခင်းရောင်းချမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း သတ်မှတ်နေရာထက် ကျော်လွန်၍ တည်ခင်းရောင်းချမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့ဆေးရုံကြီး၌ ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲနှင့် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီကကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မေ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို မေ ၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

နောင်ချိုမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၌ မေလ ၈ ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် လဲချားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ဟိုမိန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍  ဟိုမိန်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့သည်။
Subscribe to