ရေရှားပါးလျက်ရှိသည့် ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် အယ်လ်နီညိုရာသီဥတုကြောင့် လတ်တလောရေရှားပါးလျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ယနေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။