ကျောက်ဆည်မြို့နယ်တွင် ပနံကျေးရွာတွင် စိုက်ပျိုးထားသော နွေပဲတီစိမ်း သီးနှံများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  မေ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးနှံများကို ဆည်၊ ကန်၊ တူးမြောင်းများအလိုက် စိုက်ပျိုးထားရှိရာ  ပနံကျေးရွာတွင် စိုက်ပျိုးထားသော နွေပဲတီစိမ်း သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပနံကျေးရွာအုပ်စုသည် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင်ပါဝင်ပြီး နွေပဲတီစိမ်း သီးနှံများကို နွားတက်၊ ဇီးတော၊ တမုတ်မြောင်းရေများဖြင့် စိုက်ပျိုးလျက်ရှိရာ ပနံကျေးရွာအုပ်စုတွင် (၁၄၅) ဧက၊ လက်ပံပင်ကျေးရွာအုပ်စုတွင် (၇၅)ဧက၊ မယ်ဇယ်ပင်ကျေးရွာအုပ်စုတွင် (၁၁၀)ဧက၊ တံစိုးကျေးရွာအုပ်စုတွင် (၃၀၀)ဧက၊ သူငယ်တော်ကျေးရွာအုပ်စုတွင် (၁၇၀)ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စုတွင် (၁၃၂)ဧက၊ မြောင်းဦးကျေးရွာ အုပ်စုတွင်(၁၀၀)ဧက၊ အနောက်သာဂရ ကျေးရွာအုပ်စုတွင် (၁၂၅)ဧက၊ ရွာပုလဲကျေးရွာအုပ်စုတွင် (၅၀)ဧက၊ ကတဲကျေးရွာအုပ်စုတွင် (၄၉၀)ဧက၊ ဇရပ်ဖြူကျေးရွာအုပ်စုတွင်(၅၂)ဧက၊ သင်ပုတ်ကျေးရွာအုပ်စုတွင်(၂၀)ဧက၊ ညောင်ရွေကျေးရွာအုပ်စုတွင် (၃၂)ဧက၊ ရွာနန်းကျေးရွာတွင်(၁၄၀)ဧက၊ ငါးအိုးကျေးရွာအုပ်စုတွင် (၂၅)ဧက၊ လက်ပံကျေးရွာအုပ်စုတွင် (၄၈)ဧက၊ ညောင်ဝန်းကျေးရွာအုပ်စုတွင်(၁၀၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု တွင်(၉၀)ဧကစုစုပေါင်း(၁၂၀၄)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေပဲတီစိမ်းများကို ဒေသရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းပြီး ရောဂါပိုးမွှား ဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင်အထွက်ကောင်းမျိုးများဖြစ်သော ရေဆင်း(၁)၊ရေဆင်း(၉)၊ ရေဆင်း(၁၄)၊ ရေဆင်း(၁၁)မျိုးများ အဓိကထားပြီး တစ်ဧကမျိုးစေ့(၆)ပြည်မှ (၈)ပြည်အထိ အသုံးပြု၍ ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အထိစိုက်ပျိုးကြကြောင်းနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ နွေပဲတီစိမ်း သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းသေချာစေရန်အတွက် မြေအမျိုးအစားနှင့် ရေရှိမှုအပေါ် မူတည်၍  စိုက်နည်းစနစ်များ စနစ်များ ကူညီပံ့ပိုးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)