မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ယ‌နေ့နံနက်(၉)နာရီမှစ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်သည်။

မိုင်းခတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က မိုင်းခတ်မြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်အောင်ထွန်းဦး‌‌ဆောင်၍ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ်၌ “MSY/ SMART Village အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်း” မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများနှင့် ပတ်သက်၍ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မေလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် Biometric အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားပြောင်းဝင်/ပြောင်းထွက်၊ မွေးတိုး/သေဆုံးဆောင်ရွက်ခြင်းနှင့် ဇီဝဗေဒရာဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို တောင်ဒီးကျေးရွာအုပ်စု၊ တောင်ဒီးကျေးရွာတွင် ယမန်နေ့နံနက် (၉း၃၀) နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)နှင့် သက်/မွေးသင်တန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထီကွေ့ကျေးရွာအုပ်စု၊ အိုင်ကြီးချောင်းကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ (၃)ရက်အတွင်း မျက်စိဝေဒနာရှင် (၁၄၅)ဦးအား အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၃)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အား အောင်နိုင်ရေးအလံ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေသော လူနာများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်တွေ့ဆုံထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေသော လူနာများကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။
Subscribe to