ဇီးကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက်အသိပညာပေးနှိုးဆော်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့တွင် မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ နွေရာသီအပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအားကြိုဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်အဖြစ်ရွေးချယ်ခံပြီး၊ လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူရည်ချွန် မောင်/မယ် (၅) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်း၌ကျင်းပရာ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး မိသားစုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများမှ အိုးစည်ဒိုးပတ်အကများ၊ ပန်းစည်းများ အောင်သပြေပန်းများဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသောငွေကျပ်တစ်သိန်နှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁ နာရီတွင် ရွှေတဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် “ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနားနှင့် စေတနာလုပ်အားရှင်၊ အလှူရှင်များအားဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မုဒုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များတက်ရောက် ခဲ့ကြသည်။

စဉ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ပညာရေးဦးစီးဌာနမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ယနေ့နံနက်ပိုင်းမှစ၍ စဉ့်ကူး(အထက)ကျောင်းရှိ ရွှေရတုခန်းမတွင် ထုတ်ပေးလျက် ရှိသည်။
Subscribe to