ဘောဂလိမြို့၌ မိသားစုဝင်ငွေရရှိရေးအတွက် နွားများ တစ်ပိုင်တစ်နိုင် မွေးမြူလာ

ဘောဂလိ မေ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ ဒေသနေပြည်သူများသည် ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ တစ်ပိုင်တစ်နိုင်နွားမွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်

နွားမွေးမြူရေးလုပ်ငန်းသည် အစာစရိတ်သက်သာပြီး အရင်းအနှီး နည်းနည်းဖြင့် အပိုဝင်ငွေများ ရရှိနိုင်သောလုပ်ငန်းတစ်ခုဖြစ်ကြောင်း ပထမဆုံး နွားမပေါက်များ မွေးမြူရာတွင် အသက်အရွယ်အားဖြင့် နှစ်နှစ်မှနှစ်နှစ်ခွဲအရွယ်ရောက်သော် နွားမများကို မျိုးဖောက်နိုင်ပြီး နွားပေါက်တစ်ကောင်လျှင် ငွေကျပ် ၆၅၀,၀၀၀ ထိ ဈေးရရှိကြောင်း နွားများ မွေးမြူခြင်းကြောင့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သည့် သဘာဝမြေသြဇာများလည်း ရရှိသည့်အတွက် အဆင်ပြေကြောင်း တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

ဘောဂလိမြို့နယ်အတွင်းရှိ ဒေသနေပြည်သူအများစုသည် နွားမွေးမြူရေးလုပ်ငန်းကို လွှတ်ကျောင်းသည့်စနစ်ဖြင့် မွေးမြူလေ့ရှိကြောင်း သိရသည်။

ကြည်ကြည်ခိုင်(ပြန်/ဆက်)