ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအဆင့်မြင့်အားကစား သင်တန်းများကို သတ်မှတ်အချိန်အတွင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း အားကစားနည်း  (၅) မျိုးအား ဧပြီလ ၂၅ ရက်နေ့မှစတင်၍  မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် သတ်မှတ်အချိန်အလိုက် အခမဲ့သင်ကြားပေးလျက် ရှိကြောင်းသိရသည်။

ဖျာပုံမြို့၌ နွေရာသီ "လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံမြို့၌ နွေရာသီ "လူငယ်စကားဝိုင်း" ကျင်းပ ဖျာပုံ မေ ၁၀ အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)

မြောင်းမြမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

မြောင်းမြမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ မြောင်းမြ မေ ၁၀ ဇေယျာလင်း

သန်လျင်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

သန်လျင်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

မြင်းခြံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဖျာပုံမြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီ"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က(၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခြေခံပညာကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခြေခံပညာကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

တောင်ငူမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြသခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြသခြင်းနှင့် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသအဆင့် စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသအဆင့်စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။

အင်္ဂပူမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ စုပေါင်းကြဲပက်ပွဲနှင့် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ် သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ စုပေါင်းကြဲပက်ပွဲနှင့် နွေစပါးစံကွက်ရိတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ‌အောက်ရွာကြီးကျေးရွာအုပ်စု တောင်သူ ဦးရာဇာအောင်၏ လယ်‌မြေနှင့် တလိုင်းကွင်း‌ကျေးရွာအုပ်စုရှိ တောင်သူ ဦးညီ‌ညီ‌အောင်တို့၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
Subscribe to