မိုင်းဖြတ် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောက်စုအား ထောက်ပံ့ငွေနှင့် မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ဒုတ်ယိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဇာဇာတို့က ဆွပ်ပလောင်းကျေးရွာမှ မီးဘေးသင့်မိသားစုဝင်ဖြစ်သည့် ဦးရွေးအေးလှမိသားစုအတွက် မိသားစုအသုံးအဆောင်ပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(သွပ်မိုး၊ ပျဥ်ကာ) ၂ သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာအတွက်လည်းကောင်း၊ ဦးဝင်းစိန်မိသားစုအတွက် မိသားစုအသုံးအဆောင်ပစ္စည်း (၁၆)မျိူး၊ အိမ်ဆောက်ပစ္စည်းဖိုး (သက်ကယ်မိုး၊ ထရံကာ) ၁ သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာအတွက်အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ခြင်းသည် ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆွပ်ပလောင်းကျေးရွာတွင် ဆိုလာဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲ၍ လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခြင်းကြောင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)